MNP ၊ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၂၆)ရက် နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိကာ ဩဂုတ်လ(၁၀) ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့အားကစားကွင်းအတွင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၁၁)သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ အသင်း(၄)သင်းရောက်ရှိကာ ဆက်လက်ယှဉ်ပြိုင်ကစား၍ အနိုင်ရရှိသည့် အသင်း(၂)သင်းမှ ဗိုလ်လုပွဲတက်ရောက်မည်ဖြစ်ပြီး ဩဂုတ်လ (၁၃)ရက်နေ့တွင် ပြည်သူ့အားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment