တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်










MNP ၊ သြဂုတ် ၁

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပ သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီ ဦးမြတ်ကို က သာသနာ့ဗိမာန်တော်ကြီးတွင်ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီးမီး၊ ဆွမ်း၊ သစ်သီးများဆက်ကပ်လှူဒါန်းပူဇော်သည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသည့် ဖိတ်ကြားထားသောဧည့်သည်တော်များ က"နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်ပဓာနနာယက ၊ နိုင်ငံတော် ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ထံမှ ပရိတ်တရားတော်များနာယူခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကို က သာသနာရေးဆိုင်ရာများလျှောက်ထားပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆရာတော်သံဃာတော် အရှင်သူမြတ်များ အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ထံမှ လှူဒါန်းမှု အစုစုအတွက်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)