မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ



MNP ၊ သြဂုတ် ၁၃

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်မကွေး တိုင်းဒေသကြီးအတွင်း စနစ်တကျဆည်ရေပေးဝေနိုင်ရေးဆိုင်ရာဆွေးနွေးပွဲကို ၁၁-၈-၂၀၂၃ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ရာမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံမျိုးများ ပြောင်းလဲအသုံးပြု၍ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး၊ မြစ်ရေတင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်းတိုး၍ ဆောင်ရွက်ပေးနိုင်ရေး၊ ရေချိုအရင်းအမြစ်များ ရှာဖွေ ဖော်ထုတ်၍ ရနိုင်သမျှရေရရှိရေး နည်းလမ်းများဖြင့် စိုက်ပျိုးရေဖူလုံရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စိုက်ပျိုးမြေဧရိယာများများ အကျိုးပြုနိုင်မည့်နေရာများကို ဦးစား‌ပေးလုပ်ဆောင် ရေး၊ တောင်သူများ လက်တွေ့ကျကျအသုံးပြုနိုင်သည့် လယ်ယာလုပ်ငန်းသုံးစက်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆည်ရေသောက်ဧရိယာအလိုက် တစ်ကွင်း တဆက်တည်း ဧက ၁၀၀ အဆင့်မြင့်စနစ်တကျလယ်ယာမြေ ဖော်ထုတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် မကွေးမြို့နယ်တောင်ငူချောင်းကို မျောရိုက် ကျောက်ဖြည့် ရေလွှဲဆည်တည်‌ဆောက်ခြင်းလုပ်ငန်းခွင်နှင့် စည်ပင်သာကျေးရွာရှိ ရေစုတွင်းကျယ်မှ ရေပေးဝေခြင်း၊ ဆိုလာရေတင်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။


အလားတူ တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာအုပ်စု ရန်ပယ်သတိုးတန်း ရေလွှဲတန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးရေယူမြောင်း တူးဖော်ခြင်းလုပ်ငန်းခွင်၊ ဝါးခြမ်းကာ ရွာအနီး စက်ရေတွင်း ၂၃ တွင်း တူးဖော်ထားရှိပြီး တောင်သူဦးစိုးရီ၏စိုက်ကွင်းအတွင်း လေးလက်မ စက်ရေတွင်း သုံးတွင်းပေါင်း၍စိုက်ပျိုးရေအသုံးပြုနေမှုနှင့် အင်ကြင်းကုန်းအုပ်စုမင်းကြီးရောင်ကျေးရွာ ရေလွှဲဆည်တည်ဆောက်ပြီး နွေစပါးစိုက်ပျိုး နိုင်ရေး လုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်တွင်းကြီးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ရိပ်သာတွင် ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်လံမြို့ကျောက်ဆည်ဆိုလာလျှပ်စစ် ရေတင်စီမံကိန်းလုပ်ငန်းခွင်နှင့် ပျဉ်းပင်လှကျေးရွာ ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကိုလည်းကောင်း၊ အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာ အုပ်စုတွင်  စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူဖော်ထုတ်ပြီးသည့် စနစ်ကျလယ်ယာမြေ ၁၆၈ဒသမ ၈၅ ဧကတို့ကို ကြည့်ရှုစစ်ဆေးပြီးဒေသခံ တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင် ဆောင်ရွက်ရေး အားပေးပြောကြားသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ငွေသပြာဆိုလာစနစ် ရေတင် လုပ်ငန်းနှင့် ပြည်မြို့ မတောင့်တရေလွှဲဆည်၊ အမှတ် (၃၀) စက်မှုလယ်ယာစခန်း(ပြည်မြို့) တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။        


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)