ကော့သောင်းမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်





MNP ၊  ဩဂုတ်  ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ စနေနေ့အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက် အ.လ.က(ခွဲ)(၃)မိုင်ကျောင်းတွင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ကျောင်းဝန်းအတွင်း ရေဝပ်သော နေရာများ၌ ကျောက်စီ၊ မြေဖို့ခြင်း၊ လမ်းခင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စုပေါင်းလုပ်အားပေးဆောင်ရွက်သည့် နေရာသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ ဗိုလ်မှူးကြီး အောင်သက်ဦးနှင့် အဖွဲ့တို့လာရောက် လှည့်လည် ကြည့်ရှုပြီး ကျောင်းအတွက် လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)