ကော့သောင်းမြို့တွင် ဘုရား၊ ကျောင်းကန်များ၊ ကျောင်းပရဝုဏ်နှင့် စာသင်‌‌ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ဘုရား၊ ကျောင်းကန်များ၊ ကျောင်းပရဝုဏ်နှင့် စာသင်‌‌ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်






MNP ၊  ဩဂုတ်  ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ စနေနေ့ အပတ်စဉ် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ကော့သောင်းမြို့၊(၄)မိုင် သုခဘုံစံဘုန်းတော်ကြီးကျောင်းနှင့် သီရိမြိုင်ရပ်ကွက်၊ အ.လ.က(ခွဲ)(၃) မိုင်ကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးနှင့် ကာယလုပ်အားပြုခဲ့ကြသည်။


အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် (၄)မိုင်သုခဘုံစံကျောင်းတွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းပြီး ဘုရား၊ ကျောင်းကန်၊ စေတီပရဝဏ်များအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် မုဒ်ဦး၊ စောင်းတန်း၊ လှေကားတစ်များ၊ ကွန်ကရစ်လမ်းများတွင် သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊ သာသနိက အဆောက်အဦများ အနီးတဝှိက်တွင် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်ပေါ်တွင် တံမြတ်စည်းလှဲခြင်း၊ ကျောင်းကန်ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ အ.လ.က(ခွဲ) (၃)မိုင်ကျောင်းတွင် ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ကျောင်းဝင်းအတွင်း ရေဝပ်သော နေရာများ၌ ကျောက်စီ၊ မြေဖို့ခြင်း၊ လမ်းခင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အကျိုးပြုလုပ်ငန်းများကို ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ စည်ပင် သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်း လုပ်အားပေးဆောင်ရွက်သည့် နေရာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦးနှင့် အဖွဲ့များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)