တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်




MNP ၊  ဩဂုတ်  ၅

ထားဝယ်ပညာရေးဒီဂရီကောလိပ်နှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊  ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ကြက်ခြေနီတပ်ဖွဲ့သည် ဆင်းရဲဒုက္ခ ခံစားရသူများ၊ အကူအညီ အစောတလျင် လိုအပ်နေသူများကို ခွဲခြားခြင်းမရှိပဲ ကြားနေကာ လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်၊ ကိုယ်ကျိုး မဖက်အများအကျိုးအတွက် စိတ်ရင်း စေတနာဖြင့် ကြက်ခြေနီလှုပ်ရှားမှုများမှာ ပါဝင်ကူညီပေးနေကြသူများကို ကိုယ်စားပြု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသားကြက်ခြေနီအသင်းပေါင်း (၁၉၂)သင်းရှိရာမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်၊ ကြက်ခြေနီဝန်ထမ်းနှင့် ကြက်ခြေနီလုပ်ငန်းကို ပံ့ပိုးကူညီသူ အရေအတွက်ထက်ဝက်မှာ လူငယ်များဖြစ်ကြောင်း၊  မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအသင်း၏ တာဝန်ဝတ္တရားများဖြစ်သော လူမှုဂရုဏာလုပ်ငန်းများကို ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်း၏ ရည်ရွယ်ချက်အောင်မြင်ရန်အတွက် ကျန်းမာရေး မြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်သူများကို ကူညီပေးရန် အစရှိသော လုပ်ငန်းစဉ်(၃)ရပ်ချမှတ်လျက်ရှိကြောင်း၊ တက်ရောက်လာသော လူငယ်မောင်မယ်များအနေဖြင့် ကြက်ခြေနီတပ်ဖွဲ့၏ မွန်မြတ်လှသော ရည်ရွယ်ချက်များကို သိရှိပြီး မိမိဆောင်ရွက်လိုက်သော လုပ်ငန်းများသည် မွန်မြတ်သော လုပ်ငန်းဖြစ်သည်ဟု ခံယူကာ သင်တန်းမှ သင်ကြားပေးလိုက်သော အတက်ပညာဘာသာရပ်များကို တက်မြောက်အောင်သင်ကြားရန်၊ သင်တန်းပြီးပါက မိမိတာဝန်ကျရာ ဌာနများတွင် ဆင့်ပွားသင်ကြားပေးရန်လိုအပ်ကြောင်း၊ ရှေးဦးပြုစုခြင်းကို အသင်း၏ အဓိက ကျောရိုး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး လူတိုင်း ရှေးဦးပြုစုခြင်းပညာ တတ်မြောက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ/မများအနေဖြင့် ရှေးဦးပြုစုနည်းသင်ခန်းစာများကို လက်တွေ့ နယ်ပယ်တွင် အသုံးချတတ်ရန်လိုအပ်ပြီး လူငယ်လူ ရွယ်များကိုလည်း ရှေးဦးပြုစုခြင်း အသိပညာဘာသာရပ်များကို တက်မြောက်အောင် ပြန်လည်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ယခုလို ရှေးဦးသူနာပြုစုနည်းသင်တန်းကို တက်ရောက်ထားသော အကျိုးရလဒ်အဖြစ် ပညာရေး ဒီဂရီကောလိပ်နှင့် မိမိတို့ တာဝန်ကျရာဒေသများတွင် ကြက်ခြေနီအသိပညာပေးလုပ်ငန်း၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံရှေးဦးသူနာပြုစုနည်းဖြင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဦးဆောင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


သင်တန်းတွင် တာဝန်ရှိသူများ ကထားဝယ်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူ(၆၀)ဦးအား စနေ၊ တနင်္ဂနွေ(၂)ပတ် (၄)ရက် စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ကျော်ကျော်လတ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)