မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမျှော်သူ အလွန်များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမျှော်သူ အလွန်များပြား







MNP ၊ သြဂုတ် ၁၂

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယာဉ်တော်အတွင်း ပူဇော်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ (စနေ)အားလပ်ရပ်တွင် လာရောက်ဖူးမျှော်သူ အလွန်များပြားလျက်ရှိကြောင်း သိရသည်။

ခရီးသွားပြည်သူတစ်ဦးက "ဒီကနေ့ ဘုရားဖူးပြည်သူတွေ လာတာကလည်း ကြောက်စရာကြီးဗျာ။ အရှေ့က ကားတန်းကိုက မျက်စိတစ်ဆုံးပဲ။ ပါကင်ထိုးဖို့ နေရာကို မရှိတော့ဘူး။ ကျွန်တော် ၂ခေါက် ရောက်ပြီးပြီဆိုတော့ မဝင်တော့ဘူး။ ဘုရားဖူး လာရောက်သူ အလွန်များနေပါတယ်။" ဟု ပြောသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓဘာသာခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုကို ကမ္ဘာ ကိုပြသနိုင်ရန်၊ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော် ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ပြည်သူပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့် မေတ္တာရိပ် အောက်၌ အားလုံးလုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အတွက် နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့်မေတ္တာတရားကို အလေးထားသည်နှင့်အညီ ဗုဒ္ဓဘာသာ ကိုအခြေခံပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက် လေးရပ်ဖြင့် တည်ထားပူဇော်ခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)