ဂွမြို့ တောင်ပေါက် အခြေခံပညာအထက်တန်းကျောင်း၌ "လူငယ်နဲ့မျိုးချစ်စိတ်ဓာတ်"ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ တောင်ပေါက် အခြေခံပညာအထက်တန်းကျောင်း၌ "လူငယ်နဲ့မျိုးချစ်စိတ်ဓာတ်"ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ






MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့  မွန်းလွဲ ၁နာရီခွဲက ဂွမြို့၊ တောင်ပေါက် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


 ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့် အားကစား အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး တောင်ပေါက် အခြေခံပညာအထက်တန်းကျောင်းမှ Grade-11ကျောင်းသား မောင်အောင်ထက်မြတ်က လူငယ်နဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ် အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-12ကျောင်းသား မောင်စိုင်းလင်းနောင်က လူငယ်နဲ့ အသိပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-10ကျောင်းသူ မခိုင်သဇင်ဦးက လူငယ်နဲ့မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grare-11ကျောင်းသူ မလင်းလက်လက်ပိုင်က လူငယ်နဲ့အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ ရဟိုင်ကွင်း အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


    အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို တောင်ပေါက်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)