ကျောက်တလုံးကြီးမြို့တွင် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တလုံးကြီးမြို့တွင် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

 



MNP ၊  ဩဂုတ်  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍအပြင် အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလူငယ်များ သက်ကြီးပုဂ္ဂိုလ်များအပေါ် စာနာတတ်သည့် ကိုယ်ချင်းစာတရားများ ထားရှိတတ်စေရန် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲကို ကျောက်တလုံးကြီး မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အမှာစကား ပြောကြားပြီး ဆရာဦးချိုနိုင်ထွန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ သက်ကြီး ပုဂ္ဂိုလ်များအပေါ် စာနာတတ်သည့် ကိုယ်ချင်းစာတရားများ ထားရှိတတ်စေရန် သက်ကြီး ပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။


ဟောပြောပွဲသို့ ကျောက်တလုံးကြီး မြို့အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၃၈ ဦး တက်ရောက်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။


ဇော်နိုင်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)