တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့ ရွှေရောင်ခေတ်တွင် မိတ်ဖက်နိုင်ငံဆက်ဆံရေး ပုံစံလေးခု အားကောင်းမှုရှိစေရန် သမ္မတ ရှီ တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့ ရွှေရောင်ခေတ်တွင် မိတ်ဖက်နိုင်ငံဆက်ဆံရေး ပုံစံလေးခု အားကောင်းမှုရှိစေရန် သမ္မတ ရှီ တိုက်တွန်း






ပရီတိုရီးယား၊ ဩဂုတ် ၂၃

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံမှု ပုံစံလေးခုတွင် အားကောင်းမှုရှိစေရန် တောင်အာဖရိကနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေစဉ် ဩဂုတ် ၂၂ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် တောင်အာဖရိက သမ္မတနှင့် တောင်အာဖရိကနိုင်ငံ အုပ်ချုပ်ရေးမြို့တော်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် “ ‘ရွှေခေတ်’ သို့ ဝင်ရောက်လာပြီဖြစ်ကာ ကျယ်ပြန့်သော မျှော်လင့်ချက်များ၊ အလားအလာရှိသည့် အနာဂတ်တို့ဖြင့် တွေ့ကြုံနေရပြီ” ဖြစ်ကြောင်း တောင်အာဖရိကမီဒီယာ၌ ဖော်ပြထားသော သမ္မတ ရှီ၏ ကိုယ်တိုင်ရေးဆောင်းပါးတွင် ပြောကြားခဲ့သည်။

ရာမာဖိုဆာကနှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတက နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် အပြန်အလှန်ယုံကြည်မှု မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်လာစေရန် တိုက်တွန်းခဲ့သလို “ရဲဘော်ရဲဘက်နှင့် ညီရင်းအစ်ကို စိတ်ဓာတ်ရှိခြင်း” သည် နှစ်နိုင်ငံဆက်ဆံရေး၏ စစ်မှန်သော အရည်အသွေးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား ဥပဒေပြုလွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ စစ်တပ်များနှင့် နယ်မြေများကြား ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အပြန်အလှန် ဘုံအကျိုးစီးပွားများနှင့် အဓိက စိုးရိမ်ပူပန်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၅၆.၇၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်-အာဖရိက ကုန်သွယ်ရေး၏ ၂၀.၁ ရာခိုင်နှုန်းရှိကြောင်း တရားဝင်စာရင်းများအရ သိရသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၂၈.၂၅ ဘီလီယံ ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၁၄ နှစ်ဆက်တိုက် တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသလို တောင်အာဖရိကနိုင်ငံသည်လည်း အာဖရိကဒေသတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၃ နှစ်ဆက်တိုက် တည်ရှိနေကြောင်း သိရသည်။


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)