MNP ၊ သြဂုတ် ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က တောင်ကျရေများစီးဆင်း၍ အမှတ်(၅)ရပ်ကွက်တွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကော့ကရိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်သတ်ယာဉ်(၁)စီး၊ Speed Boat(၁)စီး၊ စက်လှေငယ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းမှ ရေဘေးသင့်အိမ်ထောင်စု(၃၅)စုမှ ကျား(၇၀)ဦး၊ မ(၈၈)ဦး၊ စုစုပေါင်း(၁၅၈)ဦးတို့အား ရေဘေးလွတ်ရာ အမှတ်(၅)ရပ်ကွက်ရှိ ဇိနပ်မာရ်အောင်ဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ သတိပဌာန်ကျောင်းသစ်နှင့် အ.မ.က(၆)စာသင်ကျောင်းသို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ အ.ထ.က(၂)စာသင်ကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment