မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာပေးအပ်ပွဲနှင့် မြေသြဇာစုပေါင်းကြဲပက်ခြင်းသရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာပေးအပ်ပွဲနှင့် မြေသြဇာစုပေါင်းကြဲပက်ခြင်းသရုပ်ပြပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မိုးစပါးပန်းတိုင်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျေးသီးမြို့နယ်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးလူလှမှအမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာပေးအပ်ခြင်းနှင့်ပတ်သက်သည့် ကိစ္စများအား ရှင်းလင်းပြောကြားကာ မြို့မ၊ ဝမ်စိမ်းနှင့် ဝိန်းကောင်ကျေးရွာအုပ်စုများရှိ တောင်သူ(၇၃)ဦး၏ မိုးစပါး (၁၄၁)ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ(၁၀၃)အိတ်ကို ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှင့် မြို့နယ်နှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ မြေသြဇာ စုပေါင်းကြဲပက်ခြင်း သရုပ်ပြပွဲကို မိုင်းနောင်မြို့ ရပ်ကွက်(၁)ရှိ တောင်သူ ဦးစိုင်းခမ်းနွံနှင့် ဦးဆန်လုံတို့၏ စပါးခင်းတွင် ကျင်းပရာ စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ မြေသြဇာကြဲပက်ခြင်းအား ဆောင်ရွက်ရာ ဌာနအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


မနန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)