နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် နှင့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ သို့ တက်ရောက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် နှင့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ သို့ တက်ရောက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ


MNP ၊ သြဂုတ်  ၁၂

ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုဒေသ၌ ၁၄ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် (ARMY 2023) နှင့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) သို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြသည်။


ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစီုးသိန်းနှင့် တပ်မတော်အရာရှိကြီးများ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Pavel KLABUKOV နှင့်တာဝန်ရှိသူများမှ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။


ဓာတ်ပုံ - ၂၀၂၂ ခုနှစ် ရုရှားခရီးစဉ် ထွက်ခွါစဉ်က ပုံဟောင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)