နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



MNP ၊  ဩဂုတ်  ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း မြို့သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာကြာပန်း အဝိုင်းအနီးတွင်  Free Way လမ်း တိုးချဲ့ဖောက်လုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းကွေ့နေရာတွင် Free Way လမ်းတိုးချဲ့ဖောက်လုပ်နေမှုနှင့် သံတမန်ဇုံအတွင်းရှိ သစ်ခွလမ်းမှ မြတ်မင်္ဂလာလမ်းသို့ လမ်းဖြောင့်ဖောက်လုပ် ကွန်ကရစ်ခင်းရန် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး  မြို့တော်ဝန်က လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။


ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး)ရှိ သုခတော်ဝင်အိမ်ရာအတွင်း လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ရေဆိုးသန့်စင်စက်ရုံကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေး ကိုက်ညီအောင် ဆောင်ရွက်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)