ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လျာထား ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လျာထား ထိုးနှံပေးလျက်ရှိ



MNP ၊  ဩဂုတ်  ၂၆

နေပြည်တော်ကောင်စီနယ်မြေ၊  ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး လျာထားထိုးနှံပေးလျက်ရှိရာ (၁၃၂၇) ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။


ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၃၄) ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များဖွဲ့စည်း၍ အခြေခံပညာကျောင်းများအရောက် လျာထားထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ရေတွင်းဖြူကျေးရွာ ဘုန်းတော်ကြီးသင်ကျောင်း၊ ရွှေ့နံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တက်ရှိန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မောင်းရမ်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ (၃၂၃) ဦးအား ကာကွယ်ဆေးထိုးအဖွဲ့ သုံးဖွဲ့ခွဲ၍ သွားရောက် ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ကျောင်းသူများလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)