MNP ၊ ဩဂုတ် ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးစံပြကွက် မြေဩဇာကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက မိုင်းကိုး ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းလွင်ဦး၏ မနောသုခမိုးစပါးစံပြကွက်(၅)ဧကတွင် ကျင်းပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ဆောင်ရွက်နေမှုနှင့် သွင်းအားစုမြေဩဇာများထည့်သွင်းမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က အခမ်းအနား တက်ရောက်လာကြသည့် တောင်သူများအား ရွက်ဖြန်းအားဆေးနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလိုအပ်ချက်အပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မိုးစပါးစံပြကွက်သည် ၁၉-၆-၂၀၂၃ရက်နေ့တွင် ပျိုးထောင်ကာ ၁၈-၇-၂၀၂၃ ရက်နေ့တွင် စိုက်ပျိုးကြောင်း၊ တစ်ဧကကောက်ကွက်(၁၃၀၀၀၀)ရှိပြီး ပင်ပွားနှုန်း(၁၁)ပင်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment