ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့် အခြေခံစားနပ်ရိက္ခာများ ရေဘေးသင့်ပြည်သူများရှိရာ ကျေးရွာများသို့ လိုက်လံပို့ဆောင်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးသည့် အခြေခံစားနပ်ရိက္ခာများ ရေဘေးသင့်ပြည်သူများရှိရာ ကျေးရွာများသို့ လိုက်လံပို့ဆောင်ပေးအပ်





MNP ၊ သြဂုတ် ၈

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှရေဘေးသင့် အိမ်ထောင်စုမိသားစုများအတွက် ကူညီထောက်ပံ့ပေးသည့် ဆန်၊ ဆီနှင့် ကြက်ဥများကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ လိုက်လံပို့ဆောင် ကူညီပေးအပ်လျက်ရှိကြောင်း သိရသည်။


လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုတို့ကြောင့် သံလွင်မြစ်ရေမြင့်တက်မှုနှင့်အတူ ‌ဒေါနတောင်ပေါ်မှ တောင်ကျချောင်းရေများ စီးဆင်းခဲ့ကြသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေလျက်ရှိသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်း၊ အတွင်းရေးမှူး(၁) ဗိုလ်မှူးဇော်ရှိန်းအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က မြို့နယ်နှင့် အလှမ်းဝေးကွာလွန်းသည့် ပိုင်ကျုံမြို့အတွင်းရှိ ဝင်းဖရကျေးရွာနှင့် ကဇိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးရှောင် ခိုလှုံနေကြရသော အိမ်ထောင်စု(၃၉)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံးတို့ကို လက်ဝယ်အရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)