နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲကျင်းပ


MNP ၊ ဩဂုတ်  ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသောပညာရေးဌာနမှ အငြိမ်းစား ဆရာကြီးဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့်ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲအခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် သန္တိသစ္စာတရားရိပ်သာ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူဟောင်းများက မြတ်ဆရာ သီချင်းအားသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အငြိမ်းစားဆရာမကြီး ဒေါ်နန်းကြာ အုံက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းကြည်လေးက အငြိမ်းစား ဆရာကြီးဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်‌ရောက်လာကြသော ကျောင်းသားကျောင်းသူများက အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ အလှည့်ကျဆရာကြီး ဆရာမကြီး (၇)ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆရာကြီး ဆရာမကြီး စုစုပေါင်း ၄၂ဦးအတွက် သီးသန့်အလှူရှင်တစ်ဦးမှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဂါဝရပြု ပူဇော်ကန်တော့ခဲ့ကြောင်း မေတ္တာ‌ ရောင်ပြန် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့ ဥက္ကဋ္ဌဒေါ်နန်းကြည်လေးထံက သိရသည်။


လူမော်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)