ဘားအံမြို့၌ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၃၉၈)စုရှိ လူဦးရေ (၁၉၀၈)ဦး အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၃၉၈)စုရှိ လူဦးရေ (၁၉၀၈)ဦး အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထား



MNP ၊ ဩဂုတ် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၆၅  စင်တီမီတာသို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့၌  နေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရား၊ အ-ထ-က(၃)ကျောင်းတို့တွင် ဖွင့်လှစ်ထားပြီး ယနေ့နံနက်ပိုင်းတွင် အမှတ်(၉)ရပ်ကွက် ဝါဆိုဦး၊ ရေကျော်နှင့် ဦးဆောက်ပန်းရုပ်ရှင်ရုံ အနောက်ဘက်နှင့် အမှတ်(၂)ရပ်ကွက် ဆယ်အိမ်စုတို့တွင် ရေများဝင်ရောက်လာသဖြင့်  ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းနှင့် အ-မ-က(၁၁)ကျောင်းများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်ကာ ထပ်မံဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ခရိုင်၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူများ၊ ပစ္စည်းများ၊ တိရစ္ဆာန်များကို ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့် ဆီများ၊ ပြည်နယ် သဘာဝ ဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်နှင့် ခေါက်ဆွဲခြောက်များ၊ စေတနာရှင်၊ အလှူရှင်များက ကြက်ဥ၊ ခေါက်ဆွဲ‌‌ခြောက်၊ ထမင်းဘူး၊ အချိုရည်နှင့် ရေသန့်များ လှူဒါန်းပေးခဲ့ပြီး  ဘားအံမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၃၉၈)စုရှိ  ကျား(၉၁၈)ဦးနှင့် မ (၉၉၀)ဦး စုစုပေါင်း (၁၉၀၈)ဦးအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေရာချထားပြီးဖြစ်ကြောင်း ခရိုင်သဘာဝဘေးစီမံခန့်မှု ကော်မတီထံမှ သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)