သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ(၁) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က  ကလေးသူငယ်နှင့်ပတ်သက်၍ ပြစ်မှူပြစ်ဒဏ်များအကြာင်း ပြေကြားပေးခဲ့ပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေး အကြောင်းအရာများ၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ကလေးသူငယ်အခွင့်အရေးများ အကျဉ်းချုပ်ကို ပြောကြားပေးခဲ့သည်။       


ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ (၆၀၀)ခန့်အား ဗလာစာအုပ် တစ်အုပ်စီနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)