သထုံမြို့၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ကျင်းပ






MNP ၊  ဩဂုတ်  ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများပိုမိုစိတ်ဝင်စားပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ အသိပညာတိုးပွားစေရန် ရည်ရွယ်ကာ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နန်းခဲရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံး၌ ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ စနစ်တကျမှတ်တမ်းပြုစုခြင်းတို့ကို ဆောင်ရွက်ကြသည်။


ယင်းနောက် အခမ်းအနားကိုကျင်းပရာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် သတ်မှတ်ခဲ့ပုံများ၊ ကျန်းမာရေးရက်သတ္တပတ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများ အာဟာရချို့တဲ့မှု မဖြစ်ပေါ်စေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်အစားအစာ စနစ်တကျကျွေးမွေးရသည့် နည်းလမ်းများတို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူတို့က ကြက်ဥ၊ ငှက်ပျောသီး၊ အားဆေးစသည့် ဖြည့်စွက်အာဟာရများနှင့် အသိပညာပေးလက်ကမ်းစာစောင်တို့ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)