မာန်အောင်မြို့နယ်ဆင်နားချောင်အ-ထ-က ၌ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်ဆင်နားချောင်အ-ထ-က ၌ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊  ဩဂုတ်  ၁၇

    ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ဆင်နားချောင်အ-ထ-က၌ ကျောင်းကျန်းမာ ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၁ နာရီက အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက   အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ သူကလေးငယ်များအား ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရေးအတွက် သန်ချဆေးများ တိုက်ကျွေးခြင်း၊ မူလတန်းကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စနစ်မှန်သွားတိုက်ခြင်း၊ စနစ်တကျလက်ဆေးခြင်း နှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြ ပညာပေးခြင်း၊သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)