MNP ၊ ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့နယ်)မှ အမျိုးသမီးများဝင်ငွေတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြစ်သည့် တိုင်းရင်းသား ရိုးရာဂျပ်ခုတ်သင်တန်းကို ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးကျောင်း သင်တန်းခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ တောင်ကလေးဘုန်းတော်ကြီးကျောင်း ကျောင်းအုပ်ဆရာတော်၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းမှနည်းပြအရာရှိနှင့်ဝန်ထမ်းများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ တောင်ကလေးဘုန်းတော်ကြီးကျောင်း ကျောင်းအုပ်ဆရာတော်အရှင်ဦးဥတ္တမက ဩဝါဒမိန့်ကြား၍ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးအောင်ခန့်က အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့်သက်မွေးပညာ သင်တန်းကျောင်းနည်းပြအရာရှိမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း စီမံကိန်းအဖွဲ့ခေါင်းဆောင် ဒေါ်နန်းခင်သက်မာဝင်းက စီမံကိန်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား၍ ကရင်ပြည်နယ်၊ အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက စီမံကိန်းအဖွဲ့ဝင်များအား စီမံကိန်းလုပ်ငန်းစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment