သနပ်ပင်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ




MNP ၊  ဩဂုတ်  ၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ကမ္ဘ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာရဟာဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်းက (ပထမ)ပတ်  မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ (ဒုတိယ)ပတ် (၅)နှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (တတိယ)ပတ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (စတုတ္ထ)ပတ် အိုင်အိုဒင်းချို့တဲ့သော ရောဂါများပပျောက်ရေး ရက်သတ္တပတ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အစာအုပ်စု(၃)အုပ်စုအကြောင်းများ စသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် သနပ်ပင်မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဆရာမများက ကလေးငယ်များအား ဗီတာမင်(A) ဆေးလုံးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာ‌ပေးခြင်း၊ ကလေးငယ်များ အာဟာရဖြစ်စေမည့် အစားစာများ တိုက်ကျွေးခြင်းနှင့် ကလေးမိဘများအား တစ်ဦးလျှင်   ကြက်ဥ(၁)ကတ်နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


လှမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)