ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနား ကျင်းပ







MNP ၊ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်အတွင်းရှိ ကျိုက်စကိုင်းကျေးရွာအုပ်စု ကျိုက်စကိုင်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ မိုးစပါး စိုက်ပျိုးဧက(၅)ဧက စနစ်တကျလယ်ယာမြေတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ရှေးဉီးစွာ အခမ်းအနားတွင် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းက ၂၀၂၃-၂၀၂၄ မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာအစကား ပြောကြားပြီး ကောက်စိုက်အသင်း(၆)သင်းက ကောက်စိုက်စွမ်းရည် သရုပ်ပြစိုက်ပျိုးနေမှုအခြေအနေကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြင့်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာသူများ၊ အိုးစည်ဒိုးပတ်ဝိုင်း အဖွဲ့များနှင့် ကောက်စိုက်သမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါ ၂၀၂၃ ခုနှစ် မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုက်ကြီးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ တောင်သူများနှင့် ကောက်စိုက်သမများ စုစုပေါင်း အင်အား(၃၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


စန်းကလျာခိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)