KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ




MNP ၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ အတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဩဂုတ် ၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဩဂုတ် ၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကသာမြို့နယ်၊ မြေနုကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှ မိုးတားလေးကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ ဦးကျော်ဆန်း၏ နေအိမ်အပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၇ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦး တို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ရွှေကူမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထို့ပြင်ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှု မရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင် ရွက်လျက်ရှိသည်။


ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)