တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


MNP ၊  ဩဂုတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊အရွှဲကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ တောင်သူဦးခင်မြင့်၏ လယ်မြေ(၁၂)ဧကတွင် မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း (Myanmar Paddy Producers Association) စပါးမျိုးသန့်စိုက်ခင်းတွင် ဆင်းသုခ (RS) မျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက မျိုးသန့်စိုက်ခင်း စိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်တိုး မျိုးကောင်း/ မျိုးသန့်မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာ၊ တောင်သူဦးကျော်ဝင်း၏ လယ်မြေ (၁၀) ဧကတွင် ပြုလုပ်သည့်  ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် မြို့နယ်ထွန်းတုံး ပိတ်ပွဲတက်ရောက်ခဲ့ပြီး ချမ်းမြေ့မေ မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ ခေတ်မီစိုက်နည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ​လျှော်)ထည့်သွင်း စိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိစေရေး ဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျ လိုက်ပါဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ကျုံပျော်ခရိုင်အနေဖြင့်  ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် စိုက်ဧက နှစ်သိန်းငါးသောင်းခြောက်ထောင်ကျော်၊ သဲဆန်ကုန်းချော စိုက်ဧက ခုနှစ်ရာကျော်တို့အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)