ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် ကိုးပင်စခန်းမှူး ရဲအုပ်ရဲမြင့်ဝင်းက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအကြောင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးကျော်ဇင်ဖြိုးက အားကစားစိတ်ဓာတ်မြှင့်တင်ရေးနှင့်ကျန်းမာကြံ့ခိုင်ရေးအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးဆိုတဲ့ခေါင်းစဥ်ထဲမှ လူငယ်တွေရဲနေထိုင်မှုပုံစံ၊ လူငယ်တွေ ဘဝတိုးတက်ဖို့အတွက်ဘယ်လိုတွေ စာဖတ်ကြမလဲစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကိုးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ယခုလိုလာရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတများ ရရှိအောင်ဟောပြောပေးတဲ့ ကိုးပင်ကျေးရွာစခန်းမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားမှူး ဦးကျော်ဇင်ဖြိုးက အားကစားပစ္စည်းများလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်ပိုစတာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ခန့်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)