မအီမြို့၌ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသားကျောင်းသူများ ရောဂါဘယကင်းဝေးစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ ညနေပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ခြင်ကိုက်ခြင်းမှ အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် ကျောင်းနှင့်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ထိုသို့ သန့်ရှင်းဆောင်ရွက်ရာ၌ ခြင်များခိုအောင်းပေါက်ပွားနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့်  အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ကူညီပေးမှုဖြင့် အဘိတ်ဆေးများ ခတ်ပေးထားခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ကူညီပေးမှုဖြင့် အဘိတ်ဆေးများ ခတ်ပေးထားခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ကျောင်းပိတ်ရက်မတိုင်မီ ကျောင်းဖွင့်ရက် နောက်ဆုံးနေ့၌ အပတ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း အဆိုပါ ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)