MNP ၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီက ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အောင်ချမ်းသာရပ်ကွက်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ဆိုင်ကယ်မောင်းနှင်လျှင်ဖြစ်စေ၊ လိုက်ပါစီးနင်းလျှင်ဖြစ်စေ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ရန်၊ နောက်ကြည့် ဘက်မှန် တပ်ဆင်အသုံးပြုသွားကြရန်၊ အနိမ့်ရှေ့မီးထွန်းမောင်းနှင်ကြရန်နှင့် မိဘပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများလိုက်နာခြင်းဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာကြရမည့်အချက်များ၊ မော်တော်ယာဉ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မပါ အရေးယူအပြစ်ပေးနိုင်သော အချက်များကို အသေးစိတ် အသိပညာပေးရှင်းလင်း ဟောပြောခဲ့ကြောင်းနှင့် မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တက်ရောက်လာကြသော ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
သန်းသန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment