MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်စေတီ တော်ဝင်းအတွင်း/အပြင်တွင် သန့်ရှင်းသာယာပြီး ဝါတွင်းကာလ ဥပုသ်သီတင်းဆောက်တည်သူများ စိတ်ချမ်းမြေ့စေရန် ယနေ့နံနက်၈နာရီက ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး သန့် ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရန်အောင်မြင်ရပ်ကွက်ရှိရန်အောင်မြင်စေတီတော်ဝင်း အတွင်း/အပြင်ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များ ကောက်ခြင်းစသည့် သန့်ရှင်းရေးများဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment