တာလေမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး





MNP ၊  ဩဂုတ်  ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိရှိစေရန်နှင့် ကြိုတင်ကာကွယ်တတ်စေရန် ရည်ရွယ်ကာ မြို့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် တာလေမြို့ကျန်းမာရေးဉီးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသိန်းဉီးက သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း၊ သံချဆေးတိုက်ကျွေးရခြင်းအကြောင်း၊ သံကောင်အကြောင်း၊ ကိုဗစ်-၁၉ ရောဂါအကြောင်း၊ ဆေးလိပ်နှင့်ကွမ်းယာသုံးစွဲခြင်းဖြင့် ဖြစ်ပွားတတ်သောရောဂါများနှင့် သွားစနစ်တကျတိုက်ပုံ၊ တိုက်နည်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ထို့နောက် ကျန်းမာရေးဝန်ထမ်းများက နေထိုင်မကောင်းသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသမှုများဆောင်ရွက်ပေးပြီး အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ALBENDAZOLE သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


တာလေမြို့ကျန်းမာရေးဉီးစီးဌာနအနေဖြင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သတ်မှတ်နေ့ရက်အလိုက်ကွင်းဆင်းကာ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)