MNP ၊ သြဂုတ် ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့်မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလဆောက်တည်သူများ၊ကောင်းမှုဒါနပြုလုပ်သူများဖြင့်အထူးစည်းကားလျက်ရှိသည်။
ထို့နောက် ရန်အောင်မြင်ရပ်ကွက်ရှိ ရန်အောင်မြင်ဘုရား၊ဓာတ်တော်စေတီ၊မြို့မရပ်ကွက်ရှိ မဟာထီးဘုရားစေတီ၊ပုထိုးတို့တွင်လည်းဗုဒ္ဓ ဘုရားရှင်အားရည်မှန်း၍ ဆွမ်း၊ပန်း၊ရေချမ်း၊ကပ်လှူပူဇော်ခြင်း၊ဆီမီး၊အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုသူများ ဖြင့်အထူးစည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်များ၌ မြို့ပေါ်ရပ်ကွက်အလိုက်ဓမ္မစကြာရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment