နစက အစိုးရက အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစက အစိုးရက အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု






MNP ၊ သြဂုတ် ၂

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ယနေ့ ကျရောက်သော ဓမ္မစင်္ကြာအခါတော်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကစာတင်လှူပူဇော်သောနေ့တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၇၇၄၉ ဦးကို အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြုသော အမိန့်များ ထုတ်ပြန်ထားသည်။

ပြစ်ဒဏ်ကျခံနေရသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

နစက အစိုးရ၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားသား ၁၂၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီး သေဒဏ်ကျခံနေရသူများကိုလည်း ထောင်တစ်သက်သို့ ပြောင်းလဲကျခံစေရန် အမိန့်ထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)