MNP ၊ သြဂုတ် ၁
ရှားစေးဘိုစခန်း၏ အရှေ့မြောက်ဘက်တွင် KNLA အကြမ်းဖက်အကြမ်းဖက်အဖွဲ့၏ တမဟ (၂) ရင်း(၆)နှင့် အကြမ်းဖက် PDFများ ခိုအောင်းနေကြောင်း သတင်းရရှိသည့်အတွက် ၂၈-၇-၂၀၂၃ ရက်နေ့က တပ်မတော်စစ်ကြောင်းများမှ သွားရောက်ချေမှုန်းရှင်းလင်းခဲ့ရာ မိနစ် ၄၀ခန့် တိုက်ပွဲဖြစ်ပွားပြီး KNLA/PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြရာ စခန်းမှ လက်နက်အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။
ဆုတ်ခွာထွက်ပြေးသွားသော KNLA/PDFအကြမ်းဖက်အဖွဲ့များနောက်သို့ တပ်မတော်စစ်ကြောင်းများမှ ညအချိန်ထိပါ ထပ်ချပ်မကွာလိုက်လံ ချေမှုန်းခဲ့ပြီး ၂၉-၇၂၀၂၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် KNLA/PDF အကြမ်းဖက်သမားများ အခြေပြု စခန်းကို တွေ့ရှိခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်စစ်ကြောင်းများ၏ ရဲရင့်ပြောင်မြောက်လှသော သတ္တိကြောင့် KNLA/PDF အကြမ်းဖက်သမားများ အခြေပြုနေထိုင်သော စခန်းကို နံနက် ၈နာရီ ၂၀ မိနစ်မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ KNLA/PDF အကြမ်းဖက်စခန်း လက်နက်တိုက်မှ -
FGC-9 MKII ၆၀ လက်၊ ကျည်အိမ် ၁၂၀ ခု၊ ၁၂ ဗို့ကျည် ၉၉၂ တောင့်၊ ၉မမကျည် ၂၇၀၈ တောင့် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စခန်းအား အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ပြည်သူများက လေးစားဂုဏ်ပြုလျက်ရှိသည်။
#MyanmarNationalPost




No comments:
Post a Comment