ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး





MNP ၊  ဩဂုတ်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးများ စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့နယ် ခါးတောက်ရင်းအုပ်စု ခါးတောက်ရင်းကျေးရွာ၊ ကံရိုးကျေးရွာ၊ ယင်းသာကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အင်ဖက်တောကျေးရွာများရှိ မိုးစပါးစိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၁၄၀၅၁၄ ဧကလျာထားစိုက်ပျိုးခဲ့ ရာ ယနေ့အထိ မိုးစပါး ၃၄၇၅၀ ဧကစိုက်ပျိုးပြီးစီးပြီး ဆက်လက်၍ လျာထားချက် ပြည့်မီကျော်လွန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။


ဒေသခံတောင်သူလယ်သမားများ မိုးစပါးသီးနှံများစနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်စေရေး၊ အချိန်ကိုက် မြေဩဇာကျွေးခြင်း၊ ပိုးမွှားကျရောက်မှုမရှိစေရေး၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းများကို စိတ်ပါဝင်စား၍ အသုံးပြုစိုက်ပျိုးလာနိုင်ရေးတို့အတွက် အသိပညာပေး ဟောပြောပွဲများ၊ သရုပ်ပြပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)