ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး







MNP ၊  ဩဂုတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့သည် တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် အထက( ရွှေတောင်) ကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူးရေးသင်တန်းကျောင်းသွားရောက်၍ ကျောင်းသား / ကျောင်းသူ များပညာသင်ယူနေမှုအခြေအနေများ၊သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် အခြားလိုအပ်ချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်ကြားရေးဆိုင်ရာလိုအပ်များအပေါ်လမ်းညွှန်မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 


ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ် ၊တောဟိုင်ကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစံပြ ( ရတနာတိုး) ဧက(၅၀) စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့်ပေါင်းမြက် ရှင်းလင်းခြင်းနှင့် သဘာဝမြေသြဇာကျဲပက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါးမျိုးစိုက်ပျိုးရေး၊ဒုတိယသီးနှံဖြစ်သည့် ပဲတီစိမ်း၊မတ်ပဲ ဆီထွက်သီးနှံများ အချိန်မှီစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြစ်သည့် နွား၊ဆိတ်တို့အားတိုးချဲ့ မွေးမြူဆောင်ရွက်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းမှာကြားခဲ့ရာ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများမှ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ထပ်မံဆောင်ရွက်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်ချက်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)