ပန်းတောင်းမြို့နယ် လဲကျေးရွာ၌ ရေဆင်းစပ်မျိုး(၁)မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် လဲကျေးရွာ၌ ရေဆင်းစပ်မျိုး(၁)မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP ၊ သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ လဲကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့် ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်းစပ်မျိုး (၁) မိုးနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခုလို နေကြာစိုက်ခင်းများ အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများက စနစ်တကျ စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးပေးပြီး သွင်းအားစုအနေဖြင့် ထယ်ရေးနှစ်လွှာထွန်ယက်ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချကာ နေကြာစိုက်ခင်း(၃)ဧကတွင် နွားချေး၊ မြေဆွေး၊ ယူးရီးယား၊ တီစူပါနှင့် ပိုတက်ရှ်တို့ကို အချိုးမျှတစွာ ထည့်သွင်းစိုက်ပျိုးပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီမည့် ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းရှိသော နေကြာမျိုးစေ့ကို မြေအစိုဓာတ် လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးပြီး သတ်မှတ်အပင်အရေတွက် ညီစေရန် တန်းကြား ၂ပေ၊ အပင်ကြား ၉လက်မ ဖြင့် မျိုးစေ့ နှစ်စေ့နှုန်းဖြင့် စနစ်တကျ စိုက်ပျိုးခဲ့သဖြင့် ယခုကဲ့သို့ အပင်များမြင့်ထွားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် မိမိတို့ဒေသအတွက် နေကြာဆီများ ပိုလျံစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူ ဦးအောင်နိုင်ထွန်းထံမှ သိရသည်။


လပြည့်လင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)