ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေများဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၄၁)ကျောင်း ယာယီပိတ်ထားရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေများဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၄၁)ကျောင်း ယာယီပိတ်ထားရ





MNP ၊ သြဂုတ် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် သြဂုတ် ၁ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများ သြဂုတ် ၂ ရက်မှစ၍ ယနေ့နံနက်အထိ စာသင်ကျောင်း (၄၁)ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။

ယာယီပိတ်ထားသော စာသင်ကျောင်းများမှာ ကော့ကရိတ်မြို့ပေါ်တွင် (၄)ကျောင်း၊ ကျုံဒိုးမမြို့ပေါ်တွင် (၄)ကျောင်းနှင့် ကျေးရွာများတွင် စာသင်ကျောင်း (၃၃)ကျောင်းတို့ဖြစ်ကြောင်း၊ အဆိုပါစာသင်ကျောင်းများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ (၄၀၆၇)ဦးရှိပြီး ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခင်မျိုးဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)