လှိုင်းဘွဲမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ရေဝင်ရောက်လာမှုကြောင့် ယာယီပြောင်းရွေ့ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ရေဝင်ရောက်လာမှုကြောင့် ယာယီပြောင်းရွေ့ရောင်းချ



MNP ၊ ဩဂုတ် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့သည်  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာကာ ဈေးရောင်းဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသို့ ယာယီပြောင်းရွေ့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


လှိုင်းဘွဲမြို့နယ်တွင် တောင်ကျချောင်းရေ စီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာပြီး အလားတူ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာကာ ဈေးရောင်း၊ ဈေးဝယ်သူများ ပစ္စည်းများသယ်ယူရာတွင် အခက်အခဲများရှိခြင်း၊ သွားလာရေး အခက်အခဲများရှိခြင်းတို့ကြောင့် လှိုင်းဘွဲမြို့ (ဃ)ရပ်ကွက် စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ရောင်းချနေမှုအား လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စာကြည့်တိုက်ကုန်းသို့ ယာယီပြောင်းရွှေ့ ရောင်းချရခြင်းဖြစ်ကြောင်း၊ ဈေးအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေသည့် ကာလအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် အဆိုပါ ယာယီပြောင်းရွှေ့ ရောင်းချရာနေရာတွင်သာ ဈေးရောင်း၊ ဈေးဝယ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာမြို့မဈေး ကြီးကြပ်ရေးကော်မတီ တစ်ဦးထံမှ သိရှိရသည်။


စောဒိ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)