ပူတာအိုတပ်နယ်တွင် PDF အဖွဲ့ဝင် ၅ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုတပ်နယ်တွင် PDF အဖွဲ့ဝင် ၅ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်




MNP ၊ သြဂုတ် ၇

ပူတာအိုတပ်နယ်တွင် ယနေ့ ညနေ ၃ နာရီခန့်က အမြင်မှန်ရပြီး အလင်းဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF အဖွဲ့ဝင် ၅ ဦးအား တပ်နယ်ခန်းမ၌  မိဘများထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ ယခု ရက်သတ္တပတ်အတွင်း မုံရွာမြို့၊ မော်လမြိုင်မြို့နှင့် တာချီလိတ်မြို့တို့တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့သည်။

ယနေ့ ပူတာအိုတပ်နယ်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၅ဦး ကို တာဝန်ရှိသူများက ဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားပြီး ခံဝန်လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)