ပြည်တက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)၏ ရှေးဦး သူနာပြုစုခြင်းသင်တန်း (၂/၂၀၂၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီက ပြည်တက္ကသိုလ် သီရေတာခန်းမ ဆောင်၌ကျင်းပသည်။


ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က သင်တန်း ဆင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းက သင်တန်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် ပြည်မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တစ်ဦးက သင်တန်း၏အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။


အဆိုပါသင်တန်းကို ယခုလ ၄ရက်မှ ၇ရက်နေ့အထိ လေးရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းသို့ကျောင်းသား၊ကျောင်းသူ ၅၀ဦးတက်ရောက်ပြီး သင်တန်းတွင် ခရိုင်နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် နည်းပြဆရာများက "လူနာကိုအရေးပေါ်ပြုစုနည်း၊ ရုတ်တရက်အသက်ရှုရပ်လျင်ပြုစုကုသပေးနည်း၊ accidentလူနာတွေ့လျင်အရေးပေါ်ပြုစုနည်း၊ ရေနစ်လူနာကိုအရေးပေါ်ပြုစုပေးနည်း၊ သွေးထွက်လွန်လူနာကို သွေးထိန်းပတ်တီးစည်းပေးနည်း၊ အရိုးကျိုးလူနာ/အရိုးကျိုးဒဏ်ရာ အရေးပေါ်ဖြေရှင်းကုသပေးနည်း စသည့် ရှေးဦးသူနာပြုစုခြင်းနည်းပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။


ကိုဆက်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)