မြောင်မြို့နယ်တွင် ကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီး သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်မြို့နယ်တွင် ကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီး သတ်ဖြတ်


MNP ၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ အလယ်ရပ်ကွက်နေ ကျောင်းဆရာ ဦးသိန်းနိုင်ထွန်း ကို ဩဂုတ်လ ၃ ရက်‌နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက CDM မပြုလုပ်သည့်အတွက်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် ဦးသိန်းနိုင်ထွန်း ကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။


ဦးသိန်းနိုင်ထွန်း သည် (အ.မ.က-၃ မူလွန်) ကျောင်းဆရာတဦးဖြစ်ပြီး နေအိမ်မှ ကျောင်းအနီးရှိ လ္ဘရည်ဆိုင်သို့အသွား လမ်းတွင် PDFအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒေသခံများက ချစ်ခင်လေး စားသူတဦးဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့ပေါင်း ၄၀ ကျော်ရှိရာ မည်သည့်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရသေးပေ။


#MyanmarNationalPost


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)