MNP ၊ ဩဂုတ် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စည်ပင်သာယာ မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ရေများဝင်ရောက်လာသည့်အတွက် ဈေးရောင်း/ဈေးဝယ်များ အဆင်ပြေစေရန် လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ယာယီပြောင်းရွှေ့ရောင်းချစေခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် တောင်ကျချောင်းရေစီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် ရပ်ကွက်များတွင် ရေများဝင်ရောက်လျက်ရှိပြီး လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်ရှိ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဈေးရောင်း၊ ဈေးဝယ်သူများ ရောင်းဝယ်မှုအဆင်ပြေစေရန် လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စာကြည့်တိုက်ကုန်းသို့ ယာယီပြောင်းရွှေ့ရောင်းချစေခဲ့ကြောင်း၊ ဈေးအတွင်းရှိ ရေများကျဆင်းသွားသည်အထိ အဆိုပါ ယာယီပြောင်းရွှေ့နေရာတွင်သာ ရောင်းဝယ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာမြို့မဈေး ကြီးကြပ်ရေး ကော်မတီတစ်ဦးထံမှ သိရှိရသည်။
စောဒိ
https://t.me/MyanmarNationalPost



No comments:
Post a Comment