MNP ၊ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၌ ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် သာသနိက အဆောက်အဦ ၁ လုံး၊ နေအိမ် ၄ လုံးနှင့် စပါးအခြောက်ခံစက် အဆောက်အဦ ၁ လုံးတို့ အမိုးလန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ သန်လျင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်အမိုးများ ကူညီဖယ်ရှားရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ၎င်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လေဘေးသင့်ပြည်သူများအား သွပ်သံ၊ သွပ်အချပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment