၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်သွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော အထိမ်းအမှတ် အခါသမယတွင် မိမိမှနွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ချစ်ကြည်ရင်းနှီးစွာ နှုတ်ခွန်းဆက်သလိုက်ပါသည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု (၇၅)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်သည် မိမိတို့၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာနယ်ပယ်တွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးအတူတကွ လက်တွဲဆောင်ရွက်မည့် ကတိကဝတ်ကို အားသစ်လောင်းရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်စေသည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
မိမိတို့၏ ထူးခြားမှုရှိသော နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်သည့်အားလျော်စွာ မိမိတို့၏ စုပေါင်းစွမ်းအားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုအပါအဝင် ကဏ္ဍစုံနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ဖော်ဆောင်သွားနိုင်မည်ဟု မိမိအနေဖြင့် အပြည့်အဝယုံကြည်ထားပါသည်။
အခါအခွင့်ကြုံခိုက် အဆွေတော်ဝန်ကြီးချုပ် ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

No comments:
Post a Comment