ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးပို့သည့်သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးပို့သည့်သဝဏ်လွှာ



ယခုနှစ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အခါသမယဖြစ်သည့် အားလျော်စွာ အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ မိမိအနေဖြင့် နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း ပြောကြားလိုပါသည်။


လွန်ခဲ့သည့် (၇၅)နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးပြီး နီးကပ်မှုရှိသည့်ဆက်ဆံရေးကို တည်ဆောက်ခံစားလျက်ရှိပါသည်။ တူညီသောယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အခြေခံသည့် မိမိတို့ပြည်သူများအကြား အားကောင်းသော ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မာသည့်အုတ်မြစ်တစ်ရပ် ဖြစ်စေခဲ့ပါသည်။ ရှည်လျားသည့်နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံနှင့် မဟာဗျူဟာ မြောက်မိတ်ဖက်များ ဖြစ်ကြသည့်အားလျော်စွာ မိမိတို့နှစ်နိုင်ငံသည် ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရန်အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြပြီး အပြန်အလှန်အကျိုးစီးပွားအတွက် ကျယ်ပြန့်သည့်နယ်ပယ်ပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။


စစ်မှန်သည့် အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် အေးချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် ခိုင်မာစွာထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုလိုပါသည်။ နှစ်နိုင်ငံနှင့်ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် လုပ်ဆောင်မည့် မိမိတို့၏ကတိကဝတ်မှာလည်း မယိမ်းမယိုင်ဘဲ တည်ရှိနေမည်ဖြစ်ပါသည်။ မိမိတို့အကြား တည်တံ့ခိုင်မြဲသည့် မိတ်ဖက်ဆက်ဆံရေးမှာလည်း ဆက်လက်ရှင်သန်တိုးတက်လျက် မိမိတို့နှစ်နိုင်ငံ၏ အပြန်အလှန်ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် တိုးတက်မှုများ ရှေ့ဆက်ဖော်ဆောင်သွားနိုင်ရန်အတွက် လမ်းပြပေးသွားနိုင်မည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ထားပါသည်။


အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)