ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတု အထိမ်းအမှတ် အခါသမယတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံမှ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းထံသို့ ပေးပို့သည့်သဝဏ်လွှာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတု အထိမ်းအမှတ် အခါသမယတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံမှ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းထံသို့ ပေးပို့သည့်သဝဏ်လွှာ


၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ဆက်သွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော အထိမ်းအမှတ်အခါသမယတွင် မိမိမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်နွေးထွေးစွာ ဆုမွန်ကောင်းများ ပို့သပါကြောင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် ဆယ်စုနှစ်များစွာတိုင် နှစ်နိုင်ငံအကြား တည်ရှိခဲ့သည့် အိမ်နီးချင်း ကောင်းဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတို့ကို အစဉ်အလေးထား တန်ဖိုးထားလျက်ရှိပါသည်။ နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် စတင်ထူထောင်သည့် စိန်ရတုအထိမ်းအမှတ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်လိုက်သည့် အခါသမယဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက်ရှေးရှုလျက် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီး သည့်ဆက်ဆံရေးတို့ကို နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာတွင်ပါ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် အဆွေတော်နှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။

အခါအခွင့်ကြုံခိုက် အဆွေတော်ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူပြည်သားများ အဓွန့်ရှည်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)