ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းထံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ပေးပို့သည့်သဝဏ်လွှာ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ထိုင်းပြည်သူများ၏ကိုယ်စားမိမိမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း ပြောကြားလိုပါသည်။
လွန်ခဲ့သည့် (၇၅)နှစ်ကျော်ကာလအတွင်း မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာအားကောင်းမှုရှိခဲ့ပြီး ဖြစ်ပါသည်။ မိမိတို့၏ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးသည်လည်း ဆက်လက်တိုးတက် ခိုင်မာလာခဲ့ပါသည်။ မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဘုံစိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် သာယာဝပြောမှုများ ဖော်ဆောင်ခြင်းတို့ဆီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ယခုကဲ့သို့ အရေးပါသည့် နှစ်ပတ်လည် အထိမ်းအမှတ်အခါသမယတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွဖော်ဆောင်ပြီး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ လာမည့်နှစ်များစွာတိုင် ဆက်လက်ရှင်သန်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ခိုင်မာအားကောင်း အောင်ဆောင်ရွက်သွားမည့် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

No comments:
Post a Comment