ပြင်စလူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက်လိုအပ်သော အထက်တန်းပြဆရာ/ဆရာမချထားပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်စလူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက်လိုအပ်သော အထက်တန်းပြဆရာ/ဆရာမချထားပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဖြေကြား


MNP ၊ သြဂုတ် ၁၁

ပြင်စလူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူမည့် ကျောင်းသား/သူများ ရှိနေပြီး သင်ကြားပေးမည့် ဆရာ/ဆရာမ လိုအပ်နေသည့်အပေါ် မေးမြန်းရာ ပြင်စလူမြို့နယ်အခြေခံပညာအထက်တန်းကျောင်းအတွက်လိုအပ်သော အထက်တန်းပြဆရာ/ဆရာမချထားပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားသည်။

ပြင်စလူမြို့အခြေခံပညာအထက်တန်းကျောင်းအတွက် လတ်တလော လိုအပ်မှုအခြေအနေအရ အထက်တန်းဆင့်ဘာသာရပ်များကို သင်ကြားပေးနိုင်သော လက်ရှိကျောင်းမှ ဒု-လယ်ပြ (၃) ဦးအား အထက်တန်းပြ(ယာယီ) အဖြစ်ခန့်ထားပေး၍ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် B.Ed သင်တန်းဆင်း အမျိုးသားဆရာတစ်ဦးအား အထက်တန်းပြအဖြစ် ခန့်ထားရန် လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဖြေကြားထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)